Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 20:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တစ်​နေ့​သ၌ ကိုယ်တော်​သည် ဗိမာန်​တော်​တွင် လူ​တို့​အား​သွန်သင်​လျက် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဗိ​မာန်​တော်​တွင် လူ​တို့​အား​ဆုံး​မ​သြ​ဝါ​ဒ​ပေး​၍ သ​တင်း ကောင်း​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​စဉ်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​အ​ထံ တော်​ကို​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင် လူ​များ​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် လာ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 20:1
10 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။


“သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သည်​ကို​လည်းကောင်း၊ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​ကို​ပြော​ပါ”​ဟု ကိုယ်တော်​အား ဆို​ကြ​၏။


ထို့နောက် မကြာမီ ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်​ကြ​၏။


ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်းနှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။


ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။


ထို့ပြင် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​များ​ကို လှုံ့ဆော်​၍ သူ့​ကို​ဝင်ရောက်​ဖမ်းဆီး​ကာ တရား​လွှတ်တော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ