Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 2:38 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 သူ​သည်​လည်း ထို​တစ်ချိန်တည်း​မှာပင်​ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ ဂျေရုဆလင်​မြို့​ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​မည်​ကို စောင့်မျှော်​နေ​သော​သူ​အပေါင်း​တို့​အား ထို​သူငယ်​၏​အကြောင်း​ကို​ပြောကြား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38 သူ​ငယ်​တော်​ကို​ဆက်​ကပ်​သည့်​အ​ချိန်​၌​ထို အ​မျိုး​သ​မီး​သည်​ရောက်​လာ​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​၏။ ထို နောက်​ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တင်​တော်​မူ လိမ့်​မည်​ဟု စောင့်​မျှော်​နေ​ကြ​ကုန်​သော​လူ အ​ပေါင်း​တို့​အား​သူ​ငယ်​တော်​၏​အ​ကြောင်း ကို​ပြော​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

38 သူ​သည်​လည်း ထို​ခ​ဏ​ချင်း​တွင်​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ယေ​ရု​ရှ​လင်​မြို့၌ ရွေး​နုတ်​ခြင်း​အ​ရာ​ကို မျှော်​လင့်​သော​သူ​အ​ပေါင်း​တို့​အား ထို​သူ​ငယ်၏ အ​ကြောင်း​ကို ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 2:38
11 ပူးပေါင်းရင်းမြစ်များ  

ဂုဏ်သရေ​ကြီးမြင့်​သော လွှတ်တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​သော အရိမသဲ​မြို့သား​ယောသပ်​သည်​ရောက်လာ​၍ ပိလတ်​မင်း​ထံသို့ ရဲရင့်​စွာ​ဝင်​ကာ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။


“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး


ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍


ထို​နေရာ​၌ အာရှာ​အနွယ်​မှ ဖနွေလ​၏​သမီး အန္န​အမည်​ရှိ​သော အသက်​ကြီးရင့်​သည့် ပရောဖက်မ​တစ်​ဦး​ရှိ​၏။ သူ​သည် ပျိုရွယ်​သော​အချိန်​မှစ၍ ခင်ပွန်း​နှင့်အတူ ခုနစ်​နှစ်​နေထိုင်​ပြီးလျှင်


သူ​သည် လွှတ်တော်​၏​ဆုံးဖြတ်​ချက်​နှင့် လုပ်ဆောင်​ချက်​တို့​ကို သဘော​မ​တူ​ခဲ့​ပေ။ ယောသပ်​သည် ယုဒ​ပြည်၊ အရိမသဲ​မြို့သား​ဖြစ်​ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​၏။


ထို​အရှင်​သည် အစ္စရေး​လူမျိုး​ကို ရွေးနုတ်​ကယ်တင်​မည့်​အရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်လင့်​ထား​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​များ​ဖြစ်ပျက်​ခဲ့​ပြီးနောက် ယခု​သုံး​ရက်​မြောက်​ဖြစ်​သောအခါ


ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။


အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ