ရှင်လုကာခရစ်ဝင် 2:34 - မြန်မာ့စံမီသမ္မာကျမ်34 ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version34 ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version34 ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- အခန်းကိုကြည့်ပါ။ |
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများက ဖော်ပြ၏”ဟု မိန့်တော်မူ၏။