Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 2:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဤ​လူ​ဦး​ရေ​စာ​ရင်း​ယူ​ခြင်း​သည် ရှု​ရိ​ပြည် ဘု​ရင်​ခံ၊ ကု​ရေ​နိ​လက်​ထက်​တွင်​ပ​ထ​မ​ဆုံး အ​ကြိမ်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 2:2
9 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။


ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။


တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊


ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။


သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်


“ကလောဒိ​လုသိ​သည် မြတ်​သော​ဘုရင်ခံ​ဖေလဇ်​မင်း​ကို နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​သည်။


ထိုအခါ မင်းကြီး​နှင့်​ဘုရင်ခံ​တို့​သည်​ထ​ပြီး မိဖုရား​ဗေရနိတ်​မှစ၍ သူ​တို့​နှင့်အတူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။


ထို​သူ​၏​နောက်​တွင် သန်းခေါင်စာရင်း​ကောက်​ချိန်​၌ ဂါလိလဲ​နယ်သား ယုဒ​သည်​ပေါ်လာ​၍ မိမိ​နောက်​သို့​လိုက်​ကြ​ရန် လူ​တို့​ကို​သွေးဆောင်​ခဲ့​၏။ သူ​သည်​လည်း အသတ်​ခံရ​၍ သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည်​လည်း ကွဲလွင့်​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ