Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 19:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထို့နောက် သူ​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး ပြန်လာ​သောအခါ ငွေ​ပေး​ထား​ခဲ့​သော​အစေအပါး​တို့​သည် စီးပွား​ရှာ​၍ အမြတ်​မည်မျှ​ရ​ကြ​သည်​ကို သိရှိ​နိုင်​မည့်​အကြောင်း သူ​တို့​ကို မိမိ​ထံသို့​ခေါ်​လာ​ရန် အမိန့်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ထို​သူ​ကား​ဘု​ရင်​အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​၏။ သူ​သည်​ချက်​ချင်း​ပင်​မိ​မိ​ရင်း​နှီး​ငွေ​ပေး​ခဲ့​သည့် အ​စေ​ခံ​များ​ကို ကုန်​သွယ်​၍​အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို​သိ​လို​သ​ဖြင့်​သူ​တို့​အား ဆင့်​ခေါ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 19:15
9 ပူးပေါင်းရင်းမြစ်များ  

ကာလ​အတန်ကြာ​ပြီးနောက် ထို​အစေအပါး​တို့​၏​သခင်​သည် ပြန်လာ​၍ သူ​တို့​နှင့်​စာရင်း​ရှင်း​လေ​၏။


သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။


သို့သော် သူ​၏​ပြည်သူ​ပြည်သား​တို့​သည် သူ့​ကို​မုန်း​သဖြင့် သူ့​နောက်မှ သံတမန်​ကို​စေလွှတ်​၍ ‘အကျွန်ုပ်​တို့​အပေါ် ဤ​သူ​အုပ်ချုပ်​မည်​ကို အကျွန်ုပ်​တို့​အလို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။


ပထမ​တစ်​ဦး​သည် လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ဆယ်​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ