Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 18:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 “လူ​နှစ်​ဦး​တို့​သည် ဆုတောင်း​ရန် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာရိရှဲ​ဖြစ်​ပြီး အခြား​တစ်​ဦး​သည် အခွန်​ကောက်ခံ​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 လူ​နှစ်​ယောက်​တို့​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ ဗိ​မာန်​တော်​ပေါ်​သို့ တက်​ကြ၏။ တစ်​ယောက်​ကား ဖာ​ရိ​ရှဲ​ဖြစ်၏။ တစ်​ယောက်​ကား အ​ခွန်​ခံ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 18:10
13 ပူးပေါင်းရင်းမြစ်များ  

စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​တွင် ပူဇော်​သော​မီးရှို့ရာယဇ်​များ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။


ကိုယ်တော်​၏​အစေအပါး​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​ကြ​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​။ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။


“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။


ထိုအခါ ဟေဇကိ​မင်းကြီး​က ဟေရှာယ​အား “​ထာဝရဘုရား​က ငါ့​ကို​ပြန်​ကျန်းမာ​စေ​ပြီး သုံး​ရက်​မြောက်​လျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့ ငါ​တက်သွား​နိုင်​မည့်​နိမိတ်လက္ခဏာ​မှာ အဘယ်နည်း​”​ဟု မေး​လေ​၏​။


ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊


ထို​သူ​တို့​အား“ ‘ငါ့​အိမ်​သည် ဆုတောင်း​ရာ​အိမ်​ဖြစ်​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သော်လည်း သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား”​ဟု မိန့်​တော်မူ​၏။


သူ​တို့​သည် အကျွန်ုပ်​ကို ယခင်ကတည်းက သိ​ထား​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘာသာ​တွင် စည်းမျဉ်း​အတင်းကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာရိရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အဖြစ် အသက်ရှင်​ခဲ့​ကြောင်း သူ​တို့​သက်သေခံ​လို​လျှင် သက်သေခံ​နိုင်​ပါ​သည်။


တစ်ခါက ပေတရု​နှင့်​ယောဟန်​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​ချိန်​ဖြစ်​သည့် မွန်းလွဲ​သုံး​နာရီ​တွင် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။


ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့​၌ အရေဖျား​လှီး​ထား​သော​သူ၊ အစ္စရေး​လူမျိုး၊ ဗင်္ယာမိန်​အနွယ်ဝင်၊ ဟေဗြဲ​လူမျိုး​မှ​ဟေဗြဲ​လူမျိုး​အစစ်၊ ပညတ်​တရား​အရ​ဆို​လျှင် ဖာရိရှဲ​တစ်​ဦး၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ