Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 17:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 အသံ​ကို​ကျယ်စွာပြု​၍ “သခင်​ယေရှု၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ``သ​ခင်​ယေ​ရှု​အ​ရှင်​မြတ်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျှောက်​ထား ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 17:13
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။


ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။


နတ်​သည် သူ့​ကို​သေ​စေရန် မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ပစ်ချ​တတ်​ပါ​၏။ သို့သော် ကိုယ်တော်​တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်​တို့​ကို​သနား​၍ ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။


ကိုယ်တော်​သည် သူ​တို့​ကို​မြင်​လျှင်“သင်​တို့​သည် ယဇ်ပုရောဟိတ်​များ​ထံသို့​သွား​၍ မိမိတို့ကိုယ်ကို ပြ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​သွား​နေ​စဉ်​အတွင်း​မှာပင် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။


ရှိမုန်​က​လည်း “သခင်၊ အကျွန်ုပ်​တို့​သည် တစ်ညလုံး​ကြိုးစား​ဖမ်း​ကြ​သော်လည်း တစ်​ကောင်​ကို​မျှ​မ​ရ​ကြ​ပါ။ သို့သော် ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သည်​ဖြစ်၍ ပိုက်ကွန်​များ​ကို​ချ​ပါ​မည်”​ဟု လျှောက်​ပြီးနောက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ