ရှင်လုကာခရစ်ဝင် 16:17 - မြန်မာ့စံမီသမ္မာကျမ်17 သို့ရာတွင် ပညတ်တရားကျမ်းထဲမှ ဗိန္ဒုတစ်လုံးပျက်ပြယ်ရန်ထက် ကောင်းကင်နှင့်မြေကြီးကွယ်ပျောက်ရန် ပို၍လွယ်ကူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 သို့ရာတွင်ပညတ်ကျမ်းမှဝစ္စပေါက်တစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီးပျက် စီးရန်ကသာ၍လွယ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတစ်လုံးပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့် မြေကြီး ပျက်စီးလွယ်၏။- အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။