Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 14:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား“ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ဥ​ပုသ်​နေ့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​ကို မေး​တော်​မူ​စေ​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 14:3
10 ပူးပေါင်းရင်းမြစ်များ  

ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။


ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။


သူ​တို့​ထဲမှ ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့်


ထို့နောက် လူ​တို့​အား“တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် သတ်​အပ်​သလော”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။


ကိုယ်တော်​၏​ရှေ့၌ ရေဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။


သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​ကို ခေါ်​၍ အနာရောဂါ​ပျောက်ကင်း​စေ​ပြီးလျှင် ပြန်လွှတ်​တော်မူ​၏။


ထိုအခါ ယေရှု​သည် ထို​သူ​တို့​အား“သင်​တို့​ကို ငါ​မေး​မည်။ တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် ဖျက်ဆီး​အပ်​သလော”​ဟု မေး​တော်မူ​၏။


လူ​သည် မောရှေ​၏​ပညတ်​တရား​ကို​မ​ချိုးဖောက်​ရန် ဥပုသ်နေ့​တွင် အရေဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆိုလျှင် ငါ​သည် ဥပုသ်နေ့​၌ လူ​တစ်ကိုယ်လုံး​ကို အကောင်း​ပကတိ​ဖြစ်​စေ​သည့်​အတွက် ငါ့​ကို​စိတ်ဆိုး​ရ​သလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ