Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 14:28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 သင်​တို့​ထဲတွင် တစ်စုံတစ်ဦး​သည် မျှော်စင်​တစ်​ခု​ဆောက်​လို​လျှင် ပြီးစီး​သည်​အထိ လုံလောက်​သော​ငွေ​ရှိ​၊ မ​ရှိ ဦးစွာ​ထိုင်​၍ ကုန်ကျ​စရိတ်​ကို​မ​တွက်ချက်​ဘဲ​နေ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 သင်​တို့​အ​နက်​အ​ဘယ်​သူ​သည်​မျှော်​စင်​တစ်​ခု ကို​တည်​ဆောက်​မည်​ကြံ​ပြီး​နောက်​မျှော်​စင်​ပြီး အောင်​တည်​ဆောက်​ရန် မိ​မိ​၌​ငွေ​အ​လုံ​အ​လောက် ရှိ​မ​ရှိ​ကို​သိ​ရန်​ဦး​စွာ​ထိုင်​၍​တွက်​ချက်​မ ကြည့်​ဘဲ​နေ​ပါ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

28 သင်​တို့​တွင် တစ်​ယောက်​သော​သူ​သည် တိုက်​ကို တည်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည် မ​လောက်​မည်​ကို သိ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ ထိုင်၍ ကုန်​စ​ရိတ်​ကို မ​ချင့်​တွက်​ဘဲ နေ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 14:28
12 ပူးပေါင်းရင်းမြစ်များ  

အပြင်​၌ သင်​၏​အလုပ်​ကို ပြင်ဆင်​၍ လယ်ယာ​၌ အရာရာ​ကို သင့်​အတွက်​အဆင်သင့်​ပြင်​ထား​လော့​။ ထို့နောက်မှ သင့်​အိမ်​ကို​ဆောက်​လော့​။


လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။


မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


ထိုသို့​မ​တွက်ချက်​ဘဲ အုတ်မြစ်​ချ​၍ အဆုံး​မ​သတ်​နိုင်​လျှင် မြင်​သူ​အပေါင်း​တို့​သည် သူ့​ကို​ပြောင်လှောင်​လျက်


ထိုနည်းတူ သင်​တို့​အားလုံး​သည်​လည်း မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို မ​စွန့်ခွာ​နိုင်​လျှင် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


ထိုအခါ ပေါလု​က “သင်​တို့​သည် ငိုကြွေး​လျက်​၊ ငါ​၏​စိတ်နှလုံး​ကို​ကြေကွဲ​စေ​လျက် မည်သည့်​အရာ​ကို ပြု​ကြ​သနည်း။ ငါ​သည် သခင်​ယေရှု​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ ချည်နှောင်​ခြင်း​ခံရ​ရန်​သာမက အသေခံ​ရန်​ပင် အသင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ