ရှင်လုကာခရစ်ဝင် 12:56 - မြန်မာ့စံမီသမ္မာကျမ်56 သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် မြေကြီးနှင့်ကောင်းကင်တို့၏အသွင်အပြင်ကို ပိုင်းခြား၍သိနိုင်ကြသော်လည်း ဤအချိန်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍မသိနိုင်ကြသနည်း။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version56 ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။'' အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version56 လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်သည် ပေးကမ်းစွန့်ကြဲသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့သည် လူတို့၏ချီးမွမ်းခြင်းကိုခံရရန်အတွက် ဝတ်ပြုစည်းဝေးကျောင်း များနှင့် လမ်းကြားများတွင် ပြုတတ်ကြသကဲ့သို့ မိမိ၏ရှေ့၌တံပိုးကိုမမှုတ်စေနှင့်။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။