Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 11:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 11:10
12 ပူးပေါင်းရင်းမြစ်များ  

“​ကိုယ်တော်​၏​မျက်မှောက်​တော်​မှ အဆက်ဖြတ်​ခံရ​ပြီ​”​ဟု အကျွန်ုပ်​အလန့်တကြား​ပြောဆို​မိ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​၏​။


သို့ဖြစ်၍ “​ငါ့​ခွန်အား ကုန်ခန်း​ပြီ​။ ထာဝရဘုရား​ထံ​တော်​မှ ငါ့​မျှော်လင့်​ခြင်း ကုန်ဆုံး​ပြီ​”​ဟု ငါ​ဆို​ရ​၏​။


ငါ​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ငါ​၏​ဆုတောင်းချက်​ကို နားညောင်း​တော်​မ​မူ​။


သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။


အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။


သင်​တို့​တွင် မည်သည့်​ဖခင်​သည် သား​က ငါး​ကို​တောင်း​သောအခါ ငါး​အစား​မြွေ​ကို​ပေး​မည်နည်း၊


ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။


ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ


တောင်းလျှောက်​သော်လည်း မ​ရ​ကြ​သည်​မှာ သင်​တို့​၏​ကာမဂုဏ်​ခံစား​မှု​အတွက်​သုံးစွဲ​ရန် လွဲမှား​စွာ တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။


သည်းခံ​သော​သူ​တို့​သည် မင်္ဂလာရှိ​၏​ဟု ငါ​တို့​ယူဆ​ကြ​၏။ ယောဘ​၏​သည်းခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်ဆုံး​တွင် ထာဝရ​ဘုရား​ပြု​တော်မူ​သော​အမှု​အားဖြင့် ကိုယ်တော်​သည် အလွန်​ကြင်နာ​တတ်​၍ ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​တွေ့မြင်​ရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ