Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 10:34 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 ချဉ်းကပ်​လျက် သူ​၏​ဒဏ်ရာ​များ​အပေါ် ဆီ​နှင့်​စပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အဝတ်​နှင့်​ပတ်စည်း​ပေး​၏။ ထို့နောက် သူ့​ကို မိမိ​၏​တိရစ္ဆာန်​ပေါ်​တင်​လျက် တည်းခိုခန်း​သို့ ခေါ်ဆောင်​သွား​၍ ပြုစု​စောင့်ရှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

34 ချဉ်း​ကပ်၍ သူ၏​အ​နာ​များ​ကို ဆီ​နှင့် စ​ပျစ်​ရည်​ထည့်​လျက် အ​ဝတ်​နှင့်​စည်း​ပြီး​လျှင်၊ မိ​မိ​တိ​ရ​စ္ဆာန်​ပေါ်​မှာ တင်၍ ဇ​ရပ်​တစ်​ခု​သို့ ဆောင်​သွား​ပြု​စု​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 10:34
14 ပူးပေါင်းရင်းမြစ်များ  

စခန်းချ​ရာ​နေရာ​၌ တစ်​ယောက်​သည် မိမိ​၏​မြည်း​ကို​အစာ​ကျွေး​ရန် မိမိ​၏​အိတ်​ကို​ဖွင့်​သောအခါ အိတ်​ဝ​၌ မိမိ​၏​ငွေ​ကို​တွေ့​၏​။


ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။


မောရှေ​သည် ခရီး​သွား​စဉ်တွင် စခန်းချ​ရာ​နေရာ​၌ ထာဝရဘုရား​သည် သူ​နှင့်​တွေ့​၍ သူ့​ကို ကွပ်မျက်​ရန်​ရှာကြံ​လေ​၏​။


သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။


သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့်


နောက်တစ်နေ့​တွင်ဒေနာရိနှစ်​ပြား​ကို​ထုတ်​၍ တည်းခိုခန်း​ပိုင်ရှင်​အား​ပေး​ပြီးလျှင် ‘ဤ​သူ​ကို ပြုစု​စောင့်ရှောက်​ပေး​ပါ။ နောက်ထပ် ကုန်ကျ​သမျှ​ကို အကျွန်ုပ်​ပြန်လာ​သောအခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။


သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။


ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။”


မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ