Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 10:32 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 ထိုနည်းတူ လေဝိ​အနွယ်ဝင်​တစ်​ဦး​သည်​လည်း ထို​နေရာ​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

32 ထို​နည်း​တူ လေ​ဝိ​လူ​တစ်​ယောက်​သည် ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ လာ၍​ကြည့်​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 10:32
8 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် သူ​တို့​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ မိမိ​တို့​ခေါင်း​ကို​ခါယမ်း​ကြ​ပါ​၏​။


သင်​၏​မိတ်ဆွေ​နှင့် သင့်​ဖခင်​၏​မိတ်ဆွေ​ကို မ​စွန့်ပယ်​နှင့်​။ သင်​ဘေးဒုက္ခ​ရောက်​ချိန်​၌ သင်​၏​ညီအစ်ကို​အိမ်​သို့​မ​သွား​နှင့်​။ အနီး​၌​ရှိ​သော​အိမ်နီးချင်း​သည် အဝေး​၌​ရှိ​သော​ညီအစ်ကို​ထက် ပို၍​ကောင်း​၏​။


ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို စားစရာ​ဝေပေး​ခြင်း​၊ အိုးမဲ့အိမ်မဲ့​ဆင်းရဲသား​များ​ကို အိမ်​သို့​ခေါ်လာ​ခြင်း​၊ အဝတ်မရှိ​သော​သူ​ကို​မြင်​လျှင် ဝတ်ပေး​ခြင်း​၊ မိမိ​သွေးသားချင်း​ကို လျစ်လျူ​မ​ရှု​ခြင်း​ပင် မ​ဟုတ်​လော​။


ယဇ်ပုရောဟိတ်​တစ်​ပါး​သည် အကြောင်း​တိုက်ဆိုင်​၍ ထို​လမ်း​အတိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။


သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့်


သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။


ထိုအခါ လူ​အပေါင်း​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သုဿင်​ကို ဖမ်းဆီး​၍ တရားခွင်​ရှေ့၌ ရိုက်နှက်​ကြ​၏။ သို့ရာတွင် ဂါလျုန်​သည် ထို​အမှု​များ​ကို ဂရု​မ​စိုက်​ဘဲ​နေ​၏။


အကြောင်းမူကား လူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်မက်​သော​သူ၊ ကြွားဝါ​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ စော်ကား​ပြောဆို​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မ​သိ​သော​သူ၊ မ​သန့်ရှင်း​သော​သူ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ