Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 10:25 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 တစ်ခါက ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အမှု​ကို အကျွန်ုပ်​ပြု​ရ​ပါ​မည်နည်း”​ဟု ကိုယ်တော်​ကို​အကဲစမ်း​၍​မေးလျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 10:25
13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် လမ်း​၌​ကြွ​တော်မူ​စဉ် လူ​တစ်​ဦး​သည် ပြေး​လာ​၍ ရှေ့​တော်​၌​ဒူးထောက်​ကာ “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် အကျွန်ုပ်​သည် မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။


ကိုယ်တော်​က​လည်း“မောရှေ​သည် သင်​တို့​ကို မည်ကဲ့သို့​ပညတ်​ထား​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင်


ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ သူ​တို့​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ပြီး ကိုယ်တော်​သည် သူ​တို့​အား လျောက်ပတ်​စွာ​ဖြေကြား​တော်မူ​သည်​ကို​မြင်​လျှင် “ပညတ်ချက်​အားလုံး​တွင် မည်သည့်​ပညတ်​ချက်​သည် ပထမ​ဖြစ်​သနည်း”​ဟု မေးလျှောက်​လေ​၏။


သင်​တို့​အား ငါ​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ရှင်ဘုရင်​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန် အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလို​ရှိ​သော်လည်း မ​ကြား​ခဲ့​ရ​ကြ​ပေ”​ဟု သူ​တို့​ကို​သာ သီးခြား​မိန့်​တော်မူ​၏။


ကိုယ်တော်​က​လည်း“ပညတ်​တရား​ကျမ်း​တွင် မည်သို့​ရေး​ထား​သနည်း။ သင်​မည်သို့​ဖတ်​ရ​သနည်း”​ဟု မေး​တော်မူ​လျှင်


တစ်ခါ​က အကြီးအကဲ​တစ်​ဦး​သည် ကိုယ်တော်​အား “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။


သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။)


သူ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​ခွင့်​ရရှိ​ရန် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ဤသို့​လျှောက်ထား​ကြ​ခြင်း​ဖြစ်​၏။ သို့ရာတွင် ယေရှု​သည်​ငုံ့​၍ လက်ညှိုး​တော်​ဖြင့် မြေ​ပေါ်၌​ရေး​လျက်​နေ​တော်မူ​၏။


အကြောင်းမူကား အမွေ​တော်​သည် ပညတ်​တရား​အပေါ်​၌​မူတည်​လျှင် ကတိ​တော်​အပေါ်​၌ မ​မူတည်​တော့​ပေ။ သို့သော် ဘုရားသခင်​သည် အာဗြဟံ​အား ထို​အမွေ​တော်​ကို ကတိ​တော်​အားဖြင့် ပေး​သနား​တော်မူ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ