ဝတ်ပြု 8:14 - မြန်မာ့စံမီသမ္မာကျမ်14 ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဖို့ နွားထီးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်ကြ၏။ အခန်းကိုကြည့်ပါ။ |
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်