ဝတ်ပြု 7:34 - မြန်မာ့စံမီသမ္မာကျမ်34 အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version34 ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version34 ဣသရေလအမျိုးသားတို့ပြုသော မိတ်သဟာယယဇ်များထဲက ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကို ငါနုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားတို့အား ထာဝရပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |