ဝတ်ပြု 7:16 - မြန်မာ့စံမီသမ္မာကျမ်16 ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 တစ်စုံတစ်ယောက်သည် မိမိ၏အဋ္ဌိဋ္ဌာန်ပြည့် သည်အတွက်ဖြစ်စေ၊ မိမိ၏စေတနာအ လျောက်ဖြစ်စေမိတ်သဟာယယဇ်ကိုပူဇော် ဆက်ကပ်သည့်အခါ ပူဇော်သောနေ့၌ယဇ် ကောင်၏အသားကိုအကုန်စားရန်မလို။ ကြွင်းကျန်သောအသားကိုနောက်တစ်နေ့ ၌စားနိုင်သည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 သို့မဟုတ် သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ချင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။ အခန်းကိုကြည့်ပါ။ |
စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို မင်းသားသည် ဘုရားသခင်ထံ စေတနာအလျောက်ဆက်သသောအခါ အရှေ့မုခ်ဆောင်တံခါးကို ဖွင့်ထားရမည်။ သူသည် ဥပုသ်နေ့တွင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဆက်သသကဲ့သို့ ဆက်သရမည်။ ဆက်သပြီး ပြန်ထွက်သွားသောအခါ တံခါးကို ပြန်ပိတ်ထားရမည်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။