Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 5:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 တစ်စုံတစ်ယောက်​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို လုပ်​မိ​၍ အပြစ်ပြု​မိ​မှန်း​ကို မ​သိ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​၍ သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ပြစ်​မှား​မိ​လျှင်၊ ကိုယ်​ပြစ်​မှား​မှန်း​ကို​မ​သိ​သော်​လည်း၊ အ​ပြစ်​ရောက်၍၊ ထို​အ​ပြစ်​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 5:17
11 ပူးပေါင်းရင်းမြစ်များ  

မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။ ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။


အစ္စရေး​လူထု​အပေါင်း​တို့​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​မိ​ပြီး လူအစုအဝေး​တို့​သည် ထို​အမှု​ကို အပြစ်​ဖြစ်​မှန်း​မသိမမြင်​သော်လည်း သူ​တို့​အပေါ်​အပြစ်​သက်ရောက်​၍


ခေါင်းဆောင်​ဖြစ်​သူ​သည် ‘​မ​လုပ်​ရ​’​ဟု မိမိ​၏​ဘုရားသခင် ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍


သာမန်လူ​ထဲမှ​တစ်စုံတစ်ယောက်​သည် ‘မ​လုပ်​ရ’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍


“​တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​၏​သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အပေါ် မရည်ရွယ်​ဘဲ​ပြစ်မှား​ခြင်း​ဖြင့် မှားယွင်းမှု​ကို​ပြု​မိ​လျှင် သူ​သည် အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​သော​ငွေ​ရှယ်ကယ်​အတိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​ရ​မည်​။


သူ​သည် သင်​တန်ဖိုး​ဖြတ်​သည့်​အတိုင်း သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။ ထို​သူ မရည်ရွယ်​ဘဲ​မှား​ခဲ့​သည့်​အမှား​ကို သူ​မ​သိ​သော်လည်း ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။


ဤသည်ကား တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​သည့်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။


သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ