Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 3:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​ကို ယူဆောင်​လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 အ​အူ​နှင့်​ဆိုင်​သ​မျှ​သော​ဆီ​ဥ၊ ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​တို့​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ထဲ​က​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆက်​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 3:4
15 ပူးပေါင်းရင်းမြစ်များ  

အူ​ကို​ဖုံး​နေ​သည့်​အဆီ​ရှိသမျှ​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ထို​ကျောက်ကပ်​နှစ်​ခု​အပေါ်​ရှိ​အဆီ​ကို​လည်းကောင်း ယူ​၍ ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။


ထို​သိုးထီး​သည် အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ဖြစ်​သောကြောင့် ထို​သိုးထီး​၏​အဆီ​နှင့်​အမြီးပိုင်း​အဆီ​ကို​လည်းကောင်း​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​နှင့် အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​ကို​လည်းကောင်း​၊ ယာဘက်​ပေါင်​ကို​လည်းကောင်း ယူ​ရ​မည်​။


သူ​သည် ယဇ်ကောင်​ကို​အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။ ယဇ်ပုရာဟိတ်​သည် ထို​ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့် ထင်း​များ​ပေါ်၌ စီထား​ရ​မည်​။


အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့်​ထင်း​များ​ပေါ်၌ ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို စီ​ထား​ရ​မည်​။


ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့်​အသည်း​ပေါ်မှ​အဆီပျဉ် တို့​ကို ယူဆောင်​လာ​၍


ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​တို့​နှင့်အတူ အသည်း​ပေါ်မှ​ခွာယူ​သည့်​အဆီပျဉ်​ကို ယူဆောင်​လာ​၍


သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိတ်သဟာယယဇ်ကောင်​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊


၎င်း​ကို အာရုန်​၏​သား​တို့​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့် ထင်း​များ​ပေါ်၌​တင်​ထား​သော မီးရှို့ရာယဇ်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။


အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊


ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော နွားထီး​၏​အဆီ​အားလုံး​ကို


ခါး​အောက်ပိုင်း​ရှိ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော ယဇ်ကောင်​၏​အဆီ​အားလုံး​ကို ပူဇော်​ရ​မည်​။


အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊ အသည်း​အဆီပျဉ်​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ကျောက်ကပ်​တို့​၏​အဆီ​ကို ယူ​၍ မောရှေ​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။


အဆီ​နှင့်​အမြီးပိုင်း​အဆီ​ကို​လည်းကောင်း​၊ အူ​၌​ရှိ​သော​အဆီ​အားလုံး​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​၏​အဆီ​ကို​လည်းကောင်း​၊ ယာဘက်​ပေါင်​ကို​လည်းကောင်း​၊


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အာရုန်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​အဆီ​၊ ကျောက်ကပ်​နှင့် အသည်း​ပေါ်မှ​အဆီပျဉ်​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။


နွား​နှင့်​သိုးထီး​၏​အမြီးပိုင်း​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ ကျောက်ကပ်​နှင့် အသည်း​ပေါ်မှ​အဆီပျဉ် စသည့်​အဆီ​တို့​ကို


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ