Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 26:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​နှင့်အလျောက် သင်​တို့​အပေါ်​သို့ ဘေးဒဏ်​ကို ခုနစ်ဆ ထပ်၍​ကျရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 သင်​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​လျှင်၊ သင်​တို့​အ​ပြစ်​အ​လျောက် ခု​နစ်​ဆ​သော​ဘေး​ကြီး​ကို ငါ​သက်​ရောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 26:21
9 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားရှင်​၊ အကျွန်ုပ်​တို့​၏​အိမ်နီးချင်း​တို့​သည် ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​ကြ​သည်​ဖြစ်၍ သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို သူ​တို့​ရင်ခွင်​ထဲသို့ ခုနစ်ဆ​ပြန်ပေး​တော်မူ​ပါ​။


သို့မဟုတ်လျှင် ဤ​တစ်ကြိမ်​တွင် ငါ​သည် ဘေးဒဏ်​အမျိုးမျိုး​ကို သင်​မှစ၍ သင်​၏​အမှုထမ်း​များ​၊ သင်​၏​ပြည်သူပြည်သား​များ​အပေါ်​သို့ ကျရောက်​စေ​မည်​။ ဤသို့ဖြင့် မြေ​တစ်ပြင်လုံး​၌ ငါ​ကဲ့သို့သော​ဘုရား​မ​ရှိ​ကြောင်း သင်​သိမြင်​လိမ့်မည်​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


‘အချင်း​လူသား​၊ ပရောဖက်ပြု​ဟောပြော​လော့​။ လက်ခုပ်တီး​လော့​။ ဓား​ကို နှစ်ကြိမ်​မက သုံးကြိမ်​မြှောက်​လော့​။ ဤ​ဓား​သည် သတ်ဖြတ်​မည့်​ဓား​၊ သူ​တို့​ကို​ဝိုင်းရံ​ပြီး သတ်ပွဲနွှဲ​မည့်​ဓား​ဖြစ်​၏​။


ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​အား အပြစ်ဒဏ်​ခုနစ်ဆ ထပ်၍​ပေး​မည်​။


ထိုသို့​အပြစ်ဒဏ်​ပေး​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ဘဲ ငါ့​ကို ဆက်လက်​ဆန့်ကျင်​နေ​သေး​လျှင်


ငါ​သည်​လည်း သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​ဒဏ်ခတ်​မည်​။


ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်


ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ