Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 25:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 သူ​သည် တစ်​နှစ်​ပြည့်​သွား​သည်​အထိ မ​ရွေးနုတ်​လျှင် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ အိမ်​ကို​ဝယ်​သူ​သည် မျိုးဆက်​အစဉ်အဆက် အမြဲ​ပိုင်​ရ​မည်​။ မင်္ဂလာရတု​နှစ်​ရောက်​သော်လည်း အိမ်​ကို ပြန်ပေး​ရ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 သို့​ရာ​တွင်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍​မ ဝယ်​ယူ​လျှင် နောက်​တစ်​ဖန်​ပြန်​လည်​ဝယ်​ယူ ခွင့်​မ​ရှိ​သည့်​အ​ပြင်​ဝယ်​ယူ​သူ​နှင့်​သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ထို​အိမ်​ကို​အ​မြဲ ပိုင်​စေ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် မ​ပေး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30 တစ်​နှစ်​အ​တွင်း​တွင် မ​ရွေး​နုတ်​လျှင်၊ ထို​အိမ်​ကို​ဝယ်​သော​သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် အ​မြဲ​ပိုင်​ရ​ကြ​မည်။ ယု​ဘိ​လ​နှစ်​ရောက်​သော်​လည်း လက်​မ​လွှတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:30
3 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ပြန်ပေး​ရန် ငွေ​အလုံအလောက်​မ​ရှိ​လျှင် သူ​ရောင်း​ထား​သော​မြေ​သည် မင်္ဂလာရတု​နှစ်​အထိ ဝယ်​သူ​၏​လက်​ထဲ၌ ရှိ​နေ​ရ​မည်​။ မင်္ဂလာရတု​နှစ်​၌ သူ​သည် မြေ​ကို​ပြန်ရ​သဖြင့် သူ​သည်​မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။


တစ်စုံတစ်ယောက်​သည် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ နေ​အိမ်​ကို ရောင်း​လျှင် ရောင်း​သော​နေ့​မှ တစ်​နှစ်​အတွင်း ရွေးနုတ်ခွင့်​ရှိ​၏​။ ထို​အချိန်​အတွင်း ရွေးနုတ်​ရ​မည်​။


သို့သော် တံတိုင်း​မ​ခတ်​ထား​သော​ရွာ​ရှိ နေအိမ်​များ​ကို လယ်ယာ​ကဲ့သို့​သတ်မှတ်​ရ​မည်​။ သူ​သည် နေအိမ်​ကို ရွေးနုတ်ခွင့်​ရှိ​၏​။ မင်္ဂလာရတု​နှစ်​ရောက်​သောအခါ သူ​သည် အိမ်​ကို ပြန်လည်​ရရှိ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ