Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 24:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း သက်သေခံချက်​ရှေ့​ရှိ ကန့်လန့်ကာ​၏​အပြင်ဘက်​တွင် အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​၌ နေဝင်ချိန်​မှ နံနက်​တိုင်အောင် မီးထွန်း​ခြင်း​အမှု​ကို အစဉ်မပြတ်​စီစဉ်​ပြင်ဆင်​ရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 အာ​ရုန်​သည်​တဲ​တော်​တွင်း​အ​လွန်​သန့်​ရှင်း သော​ဌာ​န​တော်​၌​တည်​ရှိ​သည့် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​ရ​မည်။ ထို​မီး​တိုင်​သည်​ရှေ့​တော်​၌​ည​နေ​မှ​နံ​နက် သို့​တိုင်​အောင်​ထွန်း​တောက်​လျက်​ရှိ​စေ​ရ​မည်။ သင်​တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့် ထိန်း​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 အာ​ရုန်​သည်​လည်း၊ ညဥ့်​ဦး​မှ​သည်​နံ​နက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:3
6 ပူးပေါင်းရင်းမြစ်များ  

တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း သက်သေခံချက်​ရှေ့​ရှိ ကန့်လန့်ကာ​အပြင်ဘက်​တွင် အာရုန်​နှင့်​သူ​၏​သား​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ နေဝင်ချိန်​မှ နံနက်​တိုင်အောင် မီးထွန်း​ခြင်း​အမှု​ကို စီစဉ်​ပြင်ဆင်​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။


“​မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေရန် မီးထွန်းစရာ​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။


အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​၌ မီးခွက်​များ​ကို ရွှေစင်​ဆီမီးခုံ​ပေါ်တွင် အစဉ်မပြတ်​စီစဉ်​ပြင်ဆင်​ရ​မည်​။


သင်​တို့​သည် မည်သည့်​အဆီ​၊ မည်သည့်​သွေး​ကို​မျှ မ​စား​ရ​။ ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သာ​လျှင် သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​၊ ယဇ်ပလ္လင်​၏​အမှုကိစ္စ​တို့​ကို ဆောင်ရွက်​ရ​မည်​။ သို့မှ နောက်တစ်ဖန် အစ္စရေး​အမျိုးသား​တို့​အပေါ်​သို့ အမျက်​တော်​မ​သက်ရောက်​ဘဲ​နေ​လိမ့်မည်​။


ဘုရားသခင်​ရှေ့​တော်​မှ​မီးခွက်​သည် မ​ငြိမ်း​သေး​။ ရှမွေလ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှိ​ရာ ထာဝရဘုရား​၏​ဗိမာန်​တော်​၌ အိပ်​လျက်​နေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ