ဝတ်ပြု 20:2 - မြန်မာ့စံမီသမ္မာကျမ်2 “သင်သည် အစ္စရေးအမျိုးသားတို့အား ‘အစ္စရေးအမျိုးသားထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူလျှင် သူသည် မုချအသတ်ခံရမည်။ ပြည်သူပြည်သားတို့သည် သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ဣသရေလအမျိုးသားတို့အားအောက်ပါ အတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲက ဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုး ခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သား သမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော် လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့် ပစ်သတ်ရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့်ပစ်ရကြမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။