Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 2:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ဒယ်ပြား​ပေါ်တွင်​လုပ်​သော​မုန့်​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​လို​လျှင် အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​ပြုလုပ်​သည့် ဆီ​နှင့်​ရော​သော​တဆေးမဲ့မုန့်​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သံ​ဒယ်​ပြား​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​လျှင် ယင်း​မုန့်​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက် ကို သံ​လွင်​ဆီ​နှင့်​ရော​သော​မုန့်​ဖြစ်​စေ​ရ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 သံ​ပြား​ပူ​နှင့်​လုပ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော၍ တ​ဆေး​မ​ပါ​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 2:5
5 ပူးပေါင်းရင်းမြစ်များ  

ထို​မုန့်​ကို တစ်စစီ​ချိုးဖဲ့​၍ ထို​မုန့်​ပေါ်၌ ဆီ​လောင်း​ရ​မည်​။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ​ဖြစ်​၏​။


၎င်း​ကို ဒယ်ပြား​တွင် ဆီ​ဖြင့်​နယ်​ပြီး ယူလာ​ရ​မည်​။ ၎င်း​ကို တစ်စစီ​ဖဲ့​၍ ထို​ဘောဇဉ်ပူဇော်သက္ကာ​အစအန​များ​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​အား​ပူဇော်​ရ​မည်​။


မိတ်သဟာယယဇ်​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် ပူဇော်​လို​လျှင် ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​နှင့်အတူ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​၊ အကောင်းဆုံး​ဂျုံမှုန့်​ကို​ဆီ​နှင့်​နယ်​၍ လုပ်​ထား​သော​မုန့်ဝိုင်း​ကို ပူဇော်​ရ​မည်​။


မီးဖို​ထဲ၌​ဖုတ်​သော​ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​နှင့် အိုးကင်း​၊ ဒယ်ပြား​ဖြင့်​လုပ်​သော​မုန့်​အားလုံး​ကို ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ပေး​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။


ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ