Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 19:23 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သောအခါ မည်သည့်​သီးစားပင်​ကို​မဆို သင်​တို့​စိုက်ပျိုး​၍ အသီးသီး​လျှင် ထို​အသီး​ကို အရေဖျားလှီး​ခြင်း​မ​ခံ​ထား​သော​အသီး​အဖြစ် သတ်မှတ်​ရ​မည်​။ သုံး​နှစ်​အတွင်း သင်​တို့​အတွက် အရေဖျားလှီး​ခြင်း​မ​ခံ​ထား​သော​အသီး​ဖြစ်​၏​။ ထို​အသီး​ကို မ​စား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

23 သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍၊ စား​အပ်​သော​အ​ပင်​အ​မျိုး​မျိုး​ကို စိုက်​ပြီး​မှ၊ သုံး​နှစ်​ပတ်​လုံး​သီး​သော​အ​သီး​ကို၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​သီး​ဟူ၍ မှတ်​ရ​မည်။ ထို​အ​သီး​ကို မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 19:23
12 ပူးပေါင်းရင်းမြစ်များ  

မောရှေ​က “​အစ္စရေး​အမျိုးသား​များ​ပင် အကျွန်ုပ်​စကား​ကို​နား​မ​ထောင်​လျှင် ဖာရော​မင်းကြီး​သည် နှုတ်​လေး​သော​သူ အကျွန်ုပ်​၏​စကား​ကို မည်သို့​နားထောင်​ပါ​မည်နည်း​”​ဟု ထာဝရဘုရား​၏​ရှေ့​တော်​၌ ပြန်လျှောက်​လေ​၏​။


မောရှေ​က “​အကျွန်ုပ်​သည် နှုတ်​လေး​သော​သူ​ဖြစ်၍ ဖာရော​မင်းကြီး​သည် အကျွန်ုပ်​၏​စကား​ကို မည်သို့​နားထောင်​ပါ​မည်နည်း​”​ဟု ထာဝရဘုရား​၏​ရှေ့​တော်​၌​ပြန်လျှောက်​၏​။


သူ​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​ကြ​မည့်​အကြောင်း မည်သူ့​ကို​ပြော​ရ​မည်နည်း​၊ မည်သူ့​ကို​သတိပေး​ရ​မည်နည်း​။ သူ​တို့​၏​နား​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​နား​ဖြစ်၍ နား​မ​ထောင်​နိုင်​ကြ​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို မ​နှစ်သက်​၊ ပြက်ရယ်ပြု​ကြ​၏​။


ရှစ်​ရက်​မြောက်​နေ့​တွင် သူငယ်​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ရ​မည်​။


“​သင်​တို့​အား ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​သော​ခါနာန်​ပြည်​ထဲသို့ သင်​တို့​ဝင်ရောက်​၍ သင်​တို့​ပိုင်ဆိုင်​ရာ​ပြည်​ရှိ​အိမ်​၌ မှိုစွဲနာ​ကို ငါ​ဖြစ်ပွား​စေ​သောအခါ


ယဇ်ပုရောဟိတ်​သည် ထို​သူ​ကျူးလွန်​ခဲ့​သော​အပြစ်​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးထီး​ဖြင့် ထို​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။ ထိုအခါ သူ​သည် မိမိ​ကျူးလွန်​ခဲ့​သည့်​အပြစ်​မှ အပြစ်လွတ်​လိမ့်မည်​။


လေး​နှစ်​မြောက်​၌ သီး​သော​အသီး​ရှိသမျှ​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​ဖြစ်​ရ​မည်​။


“​နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ​၊ ဆိတ်​ဖြစ်စေ မွေး​လာ​လျှင် မိခင်​နှင့်အတူ ခုနစ်​ရက်​ထား​ရ​မည်​။ ရှစ်​ရက်​မြောက်​သော​နေ့​မှစ၍ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​၏​။


သင်​တို့​ပူဇော်​မည့်​မုန့်​ဖြစ်စေ​၊ သီးနှံအခြောက်​ဖြစ်စေ​၊ သီးနှံအစို​ဖြစ်စေ သင်​တို့​၏​ဘုရားသခင်​ထံသို့ ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည့်​နေ့​မရောက်မချင်း မ​စား​ရ​။ ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။


ခေါင်းမာ​၍ နား​နှင့်​စိတ်နှလုံး​တို့​၌ အရေဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုးဘေး​များ​နည်းတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အစဉ်​ဆန့်ကျင်ဘက်​ပြု​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ