Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 17:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထာဝရဘုရား​ထံ​ပူဇော်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​သို့ မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 17:9
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ငါ့​အတွက် မြေ​ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​အဖြစ် သင်​တို့​၏​သိုး​များ​၊ နွား​များ​ကို ယဇ်ပူဇော်​ရ​မည်​။ ထိုသို့ ငါ​၏​နာမ​တော်​ကို​အောက်မေ့​ရာ​အရပ်ရပ်​ရှိ သင်​တို့​ထံသို့ ငါ​ကြွလာ​၍ သင်​တို့​ကို​ကောင်းချီးပေး​မည်​။


ထို​ဆီ​မျိုး​ဖော်စပ်​သော​သူ​၊ မဆိုင်​သော​သူ​အား ထို​ဆီ​ကို​လိမ်းပေး​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အရှေ့​တွင် ထာဝရဘုရား​ထံ ပူဇော်​ရန် ပူဇော်သက္ကာ​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​၌ အသက်သတ်​သော​အပြစ်​ရှိ​သည်​ဟု မှတ်ယူ​ရ​မည်​။ ထို​သူ​သည် အသက်သတ်​သည်​ဖြစ်၍ သူ​သည် မိမိ​လူမျိုး​ထဲ​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


“​အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို​ပူဇော်​မည့်​သူ​သည်


သိုးသငယ်​ကို ပူဇော်​လို​လျှင် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ