ဝတ်ပြု 17:15 - မြန်မာ့စံမီသမ္မာကျမ်15 အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ယောက်သည် အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကိုစားမိလျှင် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဓမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၏အသားကို စားသောကိုယ်အမျိုးသား၊ တစ်ပါးအမျိုးသားမည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။ အခန်းကိုကြည့်ပါ။ |
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။