Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 16:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​၏​အပြစ်​ရှိသမျှ​မှ စင်ကြယ်​ကြ​မည့်​အကြောင်း ထို​နေ့​၌ ယဇ်ပုရောဟိတ်​သည် သင်​တို့​စင်ကြယ်​စေရန် သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ထို​နေ့​တွင်​သူ​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ခြင်း ဝတ်​ကို​ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30 အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် ကင်း​စင်​မည်​အ​ကြောင်း၊ ထို​နေ့​ရက်၌ ယဇ်​ပု​ရော​ဟိတ်​သည် သင်​တို့​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 16:30
12 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။


အကျွန်ုပ်​၏​ဒုစရိုက်​ကို အကုန်အစင်​ဆေးကြော​၍ အကျွန်ုပ်​၏​အပြစ်​မှ အကျွန်ုပ်​ကို​စင်ကြယ်​စေ​တော်မူ​ပါ​။


အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


ငါ့​ကို​ပြစ်မှား​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​နှင့် သူ​တို့​ကို​ကင်းစင်​စေ​မည်​။ ငါ့​ကို​ပြစ်မှား​ခြင်း​၊ ငါ့​ကို​ပုန်ကန်​ခြင်း​အပြစ်​ရှိသမျှ​တို့​ကို ငါ​ခွင့်လွှတ်​မည်​။


“​သတ္တမ​လ​၊ ဆယ်​ရက်​နေ့​သည် အပြစ်ဖြေလွှတ်​ခြင်း​နေ့​ဖြစ်​၏​။ သင်​တို့​အတွက် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​နေ့​ဖြစ်၍ မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရ​မည်​။


ထို​နေ့​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရာ​နေ့​ဖြစ်​သောကြောင့် မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။


ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့်


ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ