ဝတ်ပြု 16:16 - မြန်မာ့စံမီသမ္မာကျမ်
16 ဤသို့ဖြင့် သူသည် အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းကြောင့်၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကြောင့် သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ထိုနည်းတူ သူတို့နှင့်အတူ သူတို့၏မစင်ကြယ်ခြင်းအလယ်၌ တည်နေသော တွေ့ဆုံစည်းဝေးရာတဲတော်အတွက်လည်း ပြုရမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
16 ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်လည်းကောင်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ သန့်ရှင်းရာဌာနတော်အဖို့ အပြစ်ဖြေခြင်းကိုပြုရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာတဲတော်အဖို့ ပြုရမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ