Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:36 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 ယဇ်ပုရောဟိတ်​သည် အိမ်​ထဲ​ရှိ​ပစ္စည်း​အားလုံး​မစင်ကြယ်​ဟု မ​ကြေညာ​မိ​စေရန် သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ရန် အိမ်​ထဲသို့​မ​ဝင်​မီ အိမ်​ကို​အလွတ်​ထား​ရ​မည့်​အကြောင်း မိန့်မှာ​ရ​မည်​။ ထို့နောက်မှ ယဇ်ပုရောဟိတ်​သည် အိမ်​ကို​ကြည့်ရှု​စစ်ဆေး​ရန် ဝင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

36 ထို​အိမ်၌​ရှိ​သ​မျှ​တို့​သည်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်​မည်​ကို စိုး​ရိမ်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် နူ​နာ​ကို​အ​ကြည့်​အ​ရှု​မ​ဝင်​မီ၊ ရှိ​သ​မျှ​ကို​ထုတ်​စေ​ခြင်း​ငှာ စီ​ရင်​ရ​မည်။ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​အိမ်​ကို​အ​ကြည့်​အ​ရှု​ဝင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:36
7 ပူးပေါင်းရင်းမြစ်များ  

အိမ်​ရှင်​သည် ယဇ်ပုရောဟိတ်​ထံသို့​လာ​၍ ‘​အကျွန်ုပ်​၏​အိမ်​၌ အနာ​စွဲ​သကဲ့သို့​ဖြစ်​နေ​သည်​ကို တွေ့မြင်​ရ​ပါ​သည်​’​ဟု ပြောပြ​ရ​မည်​။


သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​သောအခါ အိမ်​နံရံ​ရှိ​အနာ​သည် စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင်​ဖြစ်၍ နံရံ​ထဲ​ထိ​စွဲ​နေ​ဟန်​ရှိ​လျှင်


အဖုံး​မ​ဖုံး​ဘဲ ပွင့်​နေ​သော​အသုံးအဆောင်​မှန်သမျှ​သည်​လည်း မစင်မကြယ်​ဖြစ်​၏​။


အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။


မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။


ထို့နောက် ကောင်းကင်​မှ​အခြား​သော​အသံ​က “ငါ့​လူမျိုး​တို့၊ သင်​တို့​သည် သူ​၏​အပြစ်​များ​၌ မ​ပါဝင်​စေရန်​လည်းကောင်း၊ သူ​ခံရ​မည့်​ဘေးဒဏ်​တစ်စုံတစ်ခု​ကို​မျှ မ​ခံရ​စေရန်​လည်းကောင်း သူ့​ထံမှ ထွက်လာ​ခဲ့​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ