Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို​လည်းကောင်း မိမိ​တတ်နိုင်​သည့်​အတိုင်း ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​၍ ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​လည်း​ကောင်း​ယူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:22
11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် သိုးခြံ​ထဲ၌​အိပ်​ကြ​ရ​လျှင်ပင် ငွေ​ဖြင့်​ဖုံးအုပ်​ထား​သော​ချိုးငှက်​၏ တောင်ပံ​များ​ကဲ့သို့​လည်းကောင်း​၊ ရွှေ​ဖြင့်​တောက်ပ​လျက်​ရှိ​သော ထို​ငှက်​၏​အမွေးအတောင်​များ​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​၏​။”


ကျောက်ဆောင်​များ​ကြား​၊ ချောက်ကမ်းပါး​များ​ကြား​တွင် ခိုအောင်း​နေ​သော ငါ​၏​ချိုးငှက်လေး​ရေ​၊ သင့်​မျက်နှာ​ကို မြင်​လို​ပါ​၏​။ သင့်​အသံ​ကို ကြား​လို​ပါ​၏​။ သင့်​အသံ​သည် နားဝင်ချို​လှ​၏​။ သင့်​မျက်နှာ​သည်​လည်း တင့်တယ်လှပ​ပေ​၏’​ဟု ဆို​၏​။”


ကြိုးကြာ​ကဲ့သို့​၊ ပျံလွှား​ကဲ့သို့ ငါ​အော်မြည်​ရ​၏​။ ချိုးငှက်​ကဲ့သို့ ငါ​ညည်းတွား​ရ​၏​။ အထက်ကောင်းကင်​သို့ မျှော်ကြည့်​ရ​သဖြင့် ငါ့​မျက်စိ​သည် အားနည်း​ပါ​ပြီ​။ အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ဝေဒနာ​ခံစား​ရ​သဖြင့် အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။


ငါ​တို့​ရှိသမျှ​သည် ဝက်ဝံ​ကဲ့သို့​မာန်ဖီ​၍ ခိုငှက်​ကဲ့သို့ အလွန်​ညည်း​ကြ​၏​။ တရားမျှတမှု​ကို​စောင့်မျှော်​သော်လည်း မ​ရ​နိုင်​။ ကယ်တင်​ခြင်း​ကို​စောင့်မျှော်​သော်လည်း ငါ​တို့​နှင့်​ဝေးလှ​၏​။


အို မောဘ​ပြည်သား​တို့​၊ ချောက်ကမ်းပါး​၌ အသိုက်​ကို​လုပ်​တတ်​သော ချိုးငှက်​ကဲ့သို့ မြို့​တို့​ကို​စွန့်​၍ ကျောက်ဆောင်​၌​နေထိုင်​ကြ​လော့​။


ထို​ဘေး​မှ​လွတ်​၍ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း သူ​တို့​အပြစ်​ကြောင့် ချိုင့်ဝှမ်း​ရှိ​ခိုငှက်​ကဲ့သို့ တောင်​ပေါ်တွင် ညည်းညူ​နေ​လိမ့်မည်​။


သူ​သည် ဆင်းရဲ​သော​သူ​ဖြစ်၍ မ​တတ်နိုင်​လျှင် မိမိ​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် ချီလွှဲ​ရ​မည့်​အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် သိုးသငယ်​အထီး​တစ်​ကောင်​ကို​လည်းကောင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို​လည်းကောင်း​၊ ဆီ​တစ်​လောဃ​ကို​လည်းကောင်း​၊


ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​နှင့် ဆီ​တစ်​လောဃ​ကို ယူ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။


ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူ​ပြီး ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့​လာ​၍ ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


ရှစ်​ရက်​မြောက်​သော​နေ့​၌ ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ