2 “အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား
အာရုန်၏သားစဉ်မြေးဆက်တို့ထဲမှ တစ်စုံတစ်ယောက်သည် အနာကြီးရောဂါစွဲလျှင်၊ သို့မဟုတ် အရိအရွဲထွက်လျှင် ထိုသူသည် မစင်ကြယ်မချင်း သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ အသေကောင်ကြောင့် မစင်ကြယ်ဖြစ်သွားသောအရာ တစ်စုံတစ်ခုကို ထိမိသောသူဖြစ်စေ၊ သုက်ရည်ထွက်သောသူဖြစ်စေ၊
တစ်စုံတစ်ဦးသည် သူ့အနားတွင် ရုတ်တရက်သေဆုံးသွားလျှင် နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော မိမိ၏ခေါင်းကိုညစ်ညူးစေရာရောက်၏။ သူသည် မိမိအတွက် သန့်စင်ခြင်းနေ့ဖြစ်သော ခုနစ်ရက်မြောက်သောနေ့၌ ခေါင်းကိုရိတ်ရမည်။
ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။