Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 13:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ခုနစ်​ရက်​မြောက်​သော​နေ့​တွင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ထို​သူ​၏​အနာ​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​၊ အနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​သည် အ​ရေ၌ မ​တိုး​မ​လျော့​နေ​လျှင်၊ တစ်​ဖန်​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:5
4 ပူးပေါင်းရင်းမြစ်များ  

အာရုန်​၏​သား​များ​ထဲမှ သူ​၏​အရိုက်အရာ​ဆက်ခံ​သော​ယဇ်ပုရောဟိတ်​သည် သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ ထို​အဝတ်တန်ဆာ​ကို ခုနစ်​ရက်​ပတ်လုံး​ဝတ်ဆင်​ရ​မည်​။


အကယ်၍ ကိုယ်ခန္ဓာ​အရေပြား​ပေါ်မှ အစက်အပြောက်​သည် ဖြူ​နေ​၍ အရေပြား​အောက်​သို့​ရောက်​နေ​ဟန်​မ​ရှိ​၊ အမွေး​သည်​လည်း မ​ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို နောက်တစ်ဖန်​ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် ပါးသွား​၍ အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် ပွေးဝဲယားနာ​ဖြစ်​၏​။ ထို​သူ​သည် မိမိ​၏​အဝတ်​ကို လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။


စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ မိမိ​အမွေး​ရှိသမျှ​ကို​ရိတ်​ပြီး ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​၍ တပ်စခန်း​ထဲသို့​ဝင်​ခွင့်​ရှိ​မည်​။ သို့သော် သူ​သည် မိမိ​တဲ​၏​အပြင်ဘက်​၌ ခုနစ်​ရက်​နေ​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ