ဝတ်ပြု 13:4 - မြန်မာ့စံမီသမ္မာကျမ်4 အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်လည်းကောင်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်လည်းကောင်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာအရေပြားပေါ်ရှိအနာကို ကြည့်ရှုစစ်ဆေးသောအခါ အနာထဲရှိအမွေးသည် ဖြူသွား၍ ထိုအနာသည် ကိုယ်ခန္ဓာအရေပြားအောက်ကိုရောက်နေဟန်ရှိလျှင် အနာကြီးရောဂါလက္ခဏာဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုအနာကို ကြည့်ရှုပြီးနောက် အနာရှိသောသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။