Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 13:34 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ယားနာ​ကို ကြည့်ရှု​စစ်ဆေး​၍ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​လည်း မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား၊ အ​နာ​တွင်း​သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ ရ​လျှင် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​သူ​သည် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို့ နောက်​သူ​သည်​သန့်​ရှင်း​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

34 သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​ရေ၌​အ​နာ​မ​တိုး​ပွား၊ အ​ရေ​အောက်၌​မ​စွဲ​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:34
6 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​သည် အနာ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အနာ​ပေါ်တွင် အမွေး​ဝါ​ပါးပါး​ရှိ​နေ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် ယားနာ​ဖြစ်​၏​။ ခေါင်း​၊ သို့မဟုတ် မေး​တို့​၌​ဖြစ်​သော အနာကြီးရောဂါ​ဖြစ်​၏​။


ထို​သူ​သည် အမွေး​ကို ရိတ်​ပစ်​ရ​မည်​။ သို့သော် ယားနာ​ဖြစ်​သော​နေရာ​ကို မ​ရိတ်​ရ​။ ယဇ်ပုရောဟိတ်​သည် ယားနာ​ဖြစ်​သော​သူ​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


သူ​သည် သန့်စင်​ပြီးမှ ယားနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင်


ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။


သံသယ​ရှိ​သော​သူ​တို့​အပေါ်​ကရုဏာ​ထား​ကြ​လော့။


သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့် သည်းခံ​မှု​တို့​ကိုငါ​သိ​၏။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိမိတို့ကိုယ်ကို တမန်တော်​ဟု​ခေါ်ဆို​ကြ​သော်လည်း တမန်တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​၍ သူ​တို့​သည် လိမ်လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ