Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 13:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 အနာကြီးရောဂါ​သည် အရေပြား​ပေါ်၌ ပြန့်ပွား​၍ အနာ​ဖြစ်​နေ​သော​သူ​၏​ဦးခေါင်း​မှ​ခြေ​တိုင်အောင် ယဇ်ပုရောဟိတ်​တွေ့မြင်​နိုင်​သော​နေရာ​ရှိသမျှ​၏​အရေပြား​အားလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 အ​ကယ်​၍​သူ​၏​အ​ရေ​ပြား​ရော​ဂါ​သည် ဦး ခေါင်း​မှ​ခြေ​ထောက်​သို့​တိုင်​အောင်​ပြန့်​ပွား လာ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 နူ​နာ​သည် အ​ရေ၌​တိုး​ပွား၍ အ​နာ​စွဲ​သော​သူ​တစ်​ကိုယ်​လုံး၊ ခေါင်း​ထိပ်​မှ​သည် ခြေ​ဖ​ဝါး​တိုင်​အောင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​လေ​ရာ​ရာ၌ နူ​နာ​နှံ့​ပြား​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:12
9 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင်


“​ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် ယုတ်ညံ့​သော​သူ​ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ပါ​ပြီ​။


ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။


အကျွန်ုပ်​တို့​အားလုံး​သည် မစင်ကြယ်​သော​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ အကျွန်ုပ်​တို့​၏​ဖြောင့်မတ်​သော​လုပ်ဆောင်မှု​ရှိသမျှ​သည်​လည်း ညစ်ပေ​သော​အဝတ်​နှင့်​တူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် သစ်ရွက်​ကဲ့သို့​ညှိုးနွမ်း​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​သည်​လည်း လေ​ကဲ့သို့ အကျွန်ုပ်​တို့​ကို တိုက်ချ​၏​။


ထို​သူ​၏​ကိုယ်ခန္ဓာ​အရေပြား​ပေါ်၌ ကြာမြင့်​စွာ​စွဲ​နေ​ပြီ​ဖြစ်​သော​အနာကြီးရောဂါ​ဖြစ်​၏​။ သူ​သည် မစင်ကြယ်​။ ထို့ကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​ကို သီးခြားထားစရာ​မ​လို​ဘဲ မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ထို​သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​ကြောင်း တွေ့ရှိ​လျှင် အနာ​ဖြစ်​နေ​သော​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ့​တစ်ကိုယ်လုံး​ဖြူ​သွား​ပြီ​ဖြစ်၍ သူ​သည် စင်ကြယ်​၏​။


ပညတ်​တရား​သည် ဝိညာဉ်ရေး​နှင့်ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့ရာတွင် ငါ​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​ဖြစ်​ပြီး အပြစ်​တရား​၏​လက်အောက်​တွင် ရောင်းစား​ခြင်း​ခံရ​သူ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ