Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:62 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

62 အကျွန်ုပ်​ကို ရန်ပြု​သော​သူ​တို့​သည် တစ်နေ့လုံး တီးတိုးပြောဆို​၍ အကျွန်ုပ်​ကို မကောင်းကြံစည်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

62 သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက် မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

62 အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့၏​အ​ပြစ်​တင်​ခြင်း၊ အ​ကျွန်ုပ်​တစ်​ဖက်၌ တစ်​နေ့​လုံး ကြံ​စည်​ခြင်း​ကို​လည်း​ကောင်း ကိုယ်​တော်​ကြား​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:62
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် မိမိ​တို့​လျှာ​ကို မြွေ​၏​လျှာ​ကဲ့သို့ ချွန်ထက်​စေ​တတ်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​အောက်​တွင် မြွေဆိုး​၏​အဆိပ်​ရှိ​ပါ​၏​။(​စေလာ)


သူ​တို့​နှုတ်​၏​အပြစ်​နှင့် သူ​တို့​နှုတ်ထွက်​စကား​ကြောင့်​လည်းကောင်း​၊ သူ​တို့​ရေရွတ်​သော ကျိန်ဆဲစကား​နှင့်​မုသားစကား​ကြောင့်​လည်းကောင်း သူ​တို့​သည် မိမိ​တို့​၏​မာနကြီး​ခြင်း​ထဲ၌ ကျော့မိ​ကြ​ပါစေ​။


သူ​တို့​သည် မိမိ​တို့​ပါးစပ်​ဖြင့် မြွက်ဟ​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​၌ ဓား​များ​ရှိ​ပါ​၏​။ သူ​တို့​က “​မည်သူ​ကြား​သနည်း​”​ဟု ဆို​ကြ​ပါ​၏​။


လူ​တို့​က “​လာ​ကြ​၊ ယေရမိ​ကို လုပ်ကြံ​ကြ​စို့​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​ထံမှ​လာ​သော တရားတော်​၊ ပညာရှိ​ထံမှ​လာ​သော အကြံဉာဏ်​၊ ပရောဖက်​ထံမှ​လာ​သော နှုတ်ကပတ်တော်​သည် ငါ​တို့​၌ ပျောက်ပျက်​မည်​မ​ဟုတ်​။ လာ​ကြ​၊ သူ့​ကို အပြစ်ရှာ​ကြ​စို့​။ သူ့​စကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​ကြ​၏​။


ထို့ကြောင့် သင်​သည် ဤသို့ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ရန်သူ​တို့​သည် သင်​တို့​ကို အဘက်ဘက်​က​ဝိုင်းဝန်း​ချေမှုန်း​ပြီး လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၏​။ အခြား​တိုင်းပြည်​များ​သည် သင်​တို့​ကို ပိုင်ဆိုင်​သွား​၏​။ သင်​တို့​ကို လူ​အများ​အတင်းပြောစရာ​၊ ရှုတ်ချစရာ ဖြစ်​စေ​၏’​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ