Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:45 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

45 ကိုယ်တော်​သည် ငါ​တို့​ကို လူမျိုး​တကာ​အလယ်​တွင် အညစ်အကြေး​၊ အမှိုက်သရိုက် ဖြစ်​စေ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

45 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

45 အ​ကျွန်ုပ်​တို့​ကို လူ​မျိုး​တို့​တွင် လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ရွံ​စ​ရာ​အ​ရာ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:45
8 ပူးပေါင်းရင်းမြစ်များ  

လမ်းသွားလမ်းလာ​အားလုံး သင့်​ကို​လက်ခုပ်တီး​၍ ကဲ့ရဲ့​ကြ​ပြီ​။ ထို​သူ​တို့​သည် ခေါင်း​ကို​ခါယမ်း​လျက် ဂျေရုဆလင်​သမီးပျို​အား “​လှပမှု​အပေါင်း​စုံလင်​ရာ​မြို့​၊ မြေကြီးသား​အားလုံး​ဝမ်းမြောက်​ရာ​မြို့​ကား ဤ​မြို့​ပေလော​”​ဟု ဆို​ကြ​ပြီ​။


ငါ​သည် ငါ့​လူမျိုး​တို့​တွင် နေ့စဉ် ပြက်ရယ်ပြုစရာ​၊ သီချင်းဆိုစရာ ဖြစ်​လေ​ပြီ​။


ရန်သူ​အပေါင်း​တို့​သည် ငါ​တို့​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​ပြီ​။


စော်ကား​ပြောဆို​ခြင်း​ခံရ​သောအခါ မေတ္တာ​ပြ​ကြ​၏။ ယခု​တိုင်အောင် ငါ​တို့​သည် လူ​တကာ​တို့​၏​အပယ်ခံ​များ၊ လောက​၏​အမှိုက်သရိုက်​များ​ကဲ့သို့ ဖြစ်​ရ​ကြ​၏။


ထာဝရဘုရား​သည် သင့်​ကို အမြီး​မ​ဖြစ်စေ​ဘဲ ခေါင်း​ဖြစ်စေ​မည်​။ သင်​သည် အောက်​၌​မ​နေ​ရ​ဘဲ ထိပ်ဆုံး​၌ နေ​ရ​လိမ့်မည်​။ ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို နားထောင်​၍ လိုက်နာ​စောင့်ထိန်း​လျှင်​၊


သင့်​အား​ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​တွင် သင်​သည် ထိတ်လန့်စရာ​၊ ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​လိမ့်မည်​။


သူ​သည် သင့်​အား​ချေးငှား​ပေး​လိမ့်မည်​။ သင်​မူကား သူ့​ကို​ချေးငှား​ပေး​နိုင်​လိမ့်မည်​မ​ဟုတ်​။ သူ​သည် ဦးခေါင်း​ဖြစ်​လိမ့်မည်​။ သင်​မူကား အမြီး​သာ​ဖြစ်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ