ယောရှု 9:18 - မြန်မာ့စံမီသမ္မာကျမ်18 လူထုခေါင်းဆောင်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ကျိန်ဆိုထားပြီဖြစ်၍ အစ္စရေးအမျိုးသားတို့က သူတို့ကို မတိုက်ခိုက်ဘဲနေ၏။ သို့သော် အစ္စရေးလူထုတစ်ရပ်လုံးက ခေါင်းဆောင်တို့ကို အပြစ်တင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။