Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 8:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 သူ​တို့​အား “​သင်​တို့​သည် မြို့​အနောက်ဘက် မြို့​နှင့်​မ​လှမ်း​မ​ကမ်း​တွင်​ကင်းပုန်းချ​၍ သင်​တို့​အားလုံး အဆင်သင့်​ရှိ​နေ​ကြ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ``သင်​တို့​သည်​မြို့​၏​အ​နောက်​ဘက်​မ​လှမ်း မ​ကမ်း​တွင်​ပုန်း​အောင်း​နေ​လော့။ မြို့​ကို​တိုက် ခိုက်​ရန်​အ​သင့်​ရှိ​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 သင်​တို့​သည် ထို​မြို့​ကို​တိုက်​ခြင်း​ငှာ မြို့​နောက်​မှာ ကင်း​ထိုး​လျက်​နေ​ကြ​လော့။ မြို့​နှင့်​ဝေး​ဝေး​ခွာ၍ မ​သွား​ကြ​နှင့်။ တ​ညီ​တ​ညွတ်​တည်း အ​သင့်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:4
14 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​လည်း ညတွင်းချင်း​ထ​၍ အမှုထမ်း​တို့​အား “​ဆီးရီးယား​လူမျိုး​တို့ မည်သို့​ကြံစည်​နေ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်​။ ငါ​တို့​ငတ်ပြတ်​နေ​သည်​ကို သူ​တို့​သိ​သဖြင့် တပ်စခန်း​မှ​ထွက်သွား​ပြီး တော​ထဲတွင် ပုန်းရှောင်​နေ​ကြ​၏​။ သူ​တို့​က ‘​အကယ်စင်စစ် မြို့သား​တို့​သည် မြို့​ထဲမှ​ထွက်လာ​ကြ​လိမ့်မည်​။ သူ​တို့​ထွက်လာ​လျှင် ငါ​တို့​က သူ​တို့​ကို အရှင်​ဖမ်း​ပြီး မြို့​ထဲသို့​ဝင်​ကြ​မည်​’​ဟူ၍ သူ​တို့​ကြံစည်​ကြ​ပြီ​”​ဟု မိန့်ဆို​၏​။


သို့သော် ယေရောဗောင်​မင်းကြီး​သည် ယုဒ​တပ်​အား အနောက်​ဘက်​မှ​သွား​၍ ဝိုင်းထား​ရန် ချုံခိုတိုက်ခိုက်ရေး​အဖွဲ့​ကို လွှတ်​လိုက်​၏​။ သူ​တို့​သည် ယုဒ​တပ်​ကို အရှေ့​မှ​တစ်​ဖွဲ့​၊ အနောက်​မှ ချုံခိုတိုက်ခိုက်ရေး​အဖွဲ့ တို့​ဖြင့် အသီးသီး​ဝိုင်းထား​ကြ​၏​။


ဉာဏ်ပညာ​သည် ပညာရှိ​သော​သူ​ကို မြို့​ထဲ၌​ရှိ​သော​အုပ်ချုပ်​သူ​ဆယ်​ဦး​ထက် ပို၍​အားကြီး​စေ​တတ်​၏​။


သို့ဖြစ်၍ ငါ​ဆို​သည်​ကား ဉာဏ်ပညာ​သည် အစွမ်းတန်ခိုး​ထက်​ပို၍​ကောင်း​၏​။ သို့သော် ဆင်းရဲသား​၏​ဉာဏ်ပညာ​သည် အထင်အမြင်​သေး​ခြင်း​ခံရ​၍ သူ​၏​စကား​တို့​ကို မည်သူမျှ​နား​မ​ထောင်​ကြ​။


သို့ရာတွင် သူ​တို့​ကို မ​လိုက်လျော​ပါ​နှင့်။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ထဲမှ လူ​လေးဆယ်​ကျော်​တို့​သည် သူ့​ကို​ချောင်းမြောင်း​နေ​ကြ​ပါ​သည်။ သူ​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မ​စား​မ​သောက်​ရန် ကျိန်ဆို​ထား​ကြ​ပါ​သည်။ ယခု​ပင် သူ​တို့​သည် အသင့်​ရှိ​လျက် အရှင်​၏​သဘောတူ​ချက်​ကို စောင့်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။


အစ္စရေး​စစ်သည်​တို့​ကို လိုက်လံတိုက်ခိုက်​ရန် မြို့​ထဲ​ရှိ​ယောက်ျား​အားလုံး​ကို ခေါ်​သဖြင့် သူ​တို့​သည် ယောရှု​နောက်သို့​လိုက်​ကြ​ရာ မြို့​နှင့်​ဝေး​ရာ​သို့ မျှားခေါ်​သွား​ခြင်း​ခံရ​လေ​၏​။


ယောရှု​နှင့်​စစ်သည်​အပေါင်း​တို့​သည်​လည်း အာဣ​မြို့​သို့ ထ​၍​စစ်ချီ​ကြ​၏​။ ယောရှု​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​သုံးသောင်း​ကို​ရွေးချယ်​၍ သူ​တို့​ကို ညအချိန်​၌​စေလွှတ်​၍


ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဂိဗာ​မြို့​ပတ်ပတ်လည်​တွင် တပ်ပုန်း​ချထား​၍


ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထို​အရပ်​မှ​ထွက်​၍ ဗာလတာမာ​အရပ်​၌ နေရာယူ​ကြ​၏​။ အစ္စရေး​တပ်ပုန်းအဖွဲ့​က​လည်း မိမိ​တို့​ပုန်းနေရာ မာရေ​ဂေဗ​မှ ထွက်လာ​ကြ​၏​။


ထိုအခါ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​ရှုံးနိမ့်​ကြောင်း ရိပ်မိ​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဂိဗာ​မြို့​အနီး​၌ ချထား​သော​တပ်ပုန်း​ကို​အားကိုး​၍ ဗင်္ယာမိန်​တို့​ထံမှ ဆုတ်ခွာ​ခဲ့​သည့်​အတိုင်း


ရှေခင်​မြို့သား​တို့​သည် အဘိမလက်​ကို ချောင်းမြောင်း​တိုက်ခိုက်​ရန် တောင်​ပေါ်တွင် လူစောင့်​ချထား​ကြောင်း​၊ လမ်းသွားလမ်းလာ​တို့​ကို လုယက်​တိုက်ခိုက်​ကြောင်း​ကို အဘိမလက်​လည်း ကြားသိ​၏​။


ထို့ကြောင့် သင်​နှင့် သင့်​လူ​တို့​သည် ညအချိန်​ချီလာ​၍ တော​၌ ကင်းပုန်းချ​လော့​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ် လမ်းခရီး​တွင် သူ​တို့​အား အာမလက်​လူမျိုး​တို့ ဆီးတား​ခဲ့​သည့်​အမှု​ကို ငါ​မှတ်​ထား​၏​။


ဤသို့ဖြင့် ရှောလု​မင်းကြီး​သည် အာမလက်​မြို့​သို့​ချီတက်​၍ ချိုင့်ဝှမ်း​တွင် ကင်းပုန်းချ​ထား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ