ယောရှု 8:22 - မြန်မာ့စံမီသမ္မာကျမ်22 ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22-23 မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣလူတို့ကို ညှပ်၍တိုက်သဖြင့် တစ်ယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ အခန်းကိုကြည့်ပါ။ |