Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 8:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ကင်းပုန်းတပ်​က မြို့​ကို​သိမ်း​ပြီး မြို့​ထဲမှ​မီးခိုး​ထွက်လာ​သည်​ကို ယောရှု​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့ မြင်​သောအခါ ပြန်လှည့်​လာ​၍ အာဣ​မြို့သား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 ကင်း​တပ်​သား​တို့​သည် မြို့​ကို​ရ၍ မြို့၌​မီး​ခိုး​တက်​လျက်​ရှိ​သည်​ကို ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ တစ်​ဖန်​ပြန်​လှည့်၍ အာ​ဣ​မြို့​သား​တို့​ကို တိုက်​သတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:21
4 ပူးပေါင်းရင်းမြစ်များ  

ယွာဘ​သည် အရှေ့​ဘက်​နှင့် အနောက်ဘက်​တွင် စစ်ခင်းကျင်း​ထား​သည်​ကို မြင်​လျှင် အစ္စရေး​စစ်သူရဲ​များ​ထဲမှ လက်ရွေးစင်​အချို့​ကို ဆီးရီးယား​လူမျိုး​တို့​နှင့် ရင်ဆိုင်​တိုက်ခိုက်​ရန် စစ်ခင်းကျင်း​၏​။


ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ


အာဣ​မြို့သား​တို့​သည် အနောက်​သို့​လှည့်​ကြည့်​သောအခါ မြို့​ထဲမှ​မီးခိုး​များ ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​၏​။ ထိုအခါ မည်သည့်​ဘက်​သို့ ပြေး​ရ​မည်​ကို မ​သိ​ဖြစ်​ကြ​၏​။ တောကန္တာရ​ဘက်​သို့​ပြေးသွား​သော​စစ်သည်​တို့​က​လည်း အနောက်မှလိုက်​သော​သူ​တို့​ထံ ပြန်လှည့်​လာ​၏​။


ကင်းပုန်းတပ်​က​လည်း မြို့​ထဲမှ​ထွက်လာ​၍ အာဣ​စစ်သည်​တို့​ကို တိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​စစ်သည်​နှစ်​ဖွဲ့​ကြား​တွင် ပိတ်​မိ​လေ​၏​။ အစ္စရေး​စစ်သည်​တို့​သည် အာဣ​စစ်သည်​တို့ အသက်ရှင်​ကျန်ရစ်​သူ​၊ ထွက်ပြေး​လွတ်မြောက်​သူ တစ်ယောက်​မျှ​မ​ရှိ​အောင် သတ်ဖြတ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ