Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 8:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ယောရှု​သည် နံနက်​စောစောထ​၍ စစ်သည်​တို့​ကို​စုစည်း​ပြီး အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​တို့​နှင့်အတူ စစ်သည်​တို့​ရှေ့​မှ​နေ​၍ အာဣ​မြို့​သို့ ချီတက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 နံ​နက်​စော​စော​၌​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ စစ်​သူ​ရဲ​တို့ ကို​ဦး​ဆောင်​၍​အာ​ဣ​မြို့​သို့​ချီ​တက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 နံ​နက်​စော​စော​ထ၍ လူ​များ​တို့​ကို ရေ​တွက်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ အာ​ဣ​မြို့​သို့ အ​ဦး​ချီ​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:10
7 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည် နံနက်​စောစောထ​၍ မြည်း​ပေါ်​ကုန်းနှီးတင်​ပြီးလျှင် သူ​၏​ငယ်သား​နှစ်​ယောက်​နှင့်​သူ​၏​သား​ဣဇက်​ကို မိမိ​နှင့်အတူ​ခေါ်​၍ မီးရှို့ရာယဇ်​အတွက်​ထင်း​ကို​ခွဲ​ပြီးမှ ထ​၍ မိမိ​အား​ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့ သွား​လေ​၏​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန် တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။


ယောရှု​သည် နံနက်​စောစောထ​ပြီး အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့်အတူ ရှိတ္တိမ်​အရပ်​မှ​ခရီးပြု​၍ ဂျော်ဒန်​မြစ်​သို့​ရောက်လာ​ကြ​၏​။ မြစ်​ကို​မ​ကူး​သေး​ဘဲ ထို​မြစ်​နား​၌ စခန်းချ​ကြ​၏​။


ယောရှု​သည် နံနက်​စောစော​ထ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်းသွား​ကြ​၏​။


ယောရှု​သည်​လည်း နံနက်​စောစောထ​၍ အစ္စရေး​လူမျိုး​တို့​ကို အမျိုးအနွယ်​အလိုက် ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​သည် ရွေးထုတ်​ခံရ​၏​။


သူ​နှင့် စစ်သည်​အပေါင်း​တို့ ချီတက်​သွား​၍ မြို့​အနီး​သို့​ရောက်​သောအခါ အာဣ​မြို့​မြောက်ဘက်​၌ စခန်းချ​ကြ​၏​။ သူ​တို့​နှင့် အာဣ​မြို့​အကြား​၌ ချိုင့်ဝှမ်း​ရှိ​၏​။


ထို့နောက် ယောရှု​သည် စစ်သူရဲ​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် သွား​၍ အာဣ​မြို့​အနောက်ဘက်​၊ ဗေသလ​မြို့​နှင့်​အာဣ​မြို့​အကြား​၌ ကင်းပုန်း​ချ​၍ စောင့်​နေ​ကြ​၏​။ သို့သော် ထို​ည​၌ ယောရှု​သည် စစ်သည်​တို့​နှင့်အတူ​နေရစ်​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ