Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 5:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထို​အချိန်​ကာလ​တွင် ထာဝရဘုရား​က ယောရှု​အား “​မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​၍ အစ္စရေး​အမျိုးသား​တို့​အား ဒုတိယအကြိမ် အရေဖျားလှီး​ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဓား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 5:2
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဇိပေါရ​သည် ချွန်ထက်​သော​ကျောက်​ကို​ယူ​၍ မိမိ​သား​၏​ထိပ်ဖုံးအရေပြား​ကို​လှီး​ပြီး ၎င်း​ကို မောရှေ​၏​ခြေ​နှင့်​ထိ​စေ​လျက် “​အကယ်စင်စစ် သင်​သည် သွေး​နှင့်ဆိုင်သော ကျွန်မ​၏​လင်ယောက်ျား​ဖြစ်​ပါ​၏​”​ဟု ဆို​လျှင်


အတွင်း​သဘော​အားဖြင့် ဂျူး​လူမျိုး​ဖြစ်​သော​သူ​သာလျှင် ဂျူး​လူမျိုး​အစစ်​အမှန်​ဖြစ်​ပြီး အက္ခရာတင်​ထား​သော​တရား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​သော စိတ်နှလုံး​၏​အရေဖျား​လှီး​ခြင်း​ပင် အရေဖျား​လှီး​ခြင်း​အစစ်​အမှန်​ဖြစ်​၏။ ထိုသို့သော​သူ​သည် လူ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံ​တော်​မှ​ချီးမွမ်း​ခြင်း​ကို​ခံရ​၏။


ဤသို့ဖြင့် အာဗြဟံ​သည် အရေဖျား​မ​လှီး​မီ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော ဖြောင့်မတ်​ခြင်း​၏​တံဆိပ်​အဖြစ် အရေဖျား​လှီး​ခြင်း​၏​အမှတ်​လက္ခဏာ​ကို​ခံယူ​၏။ ဤသည်ကား အာဗြဟံ​အား အရေဖျား​မ​လှီး​ဘဲ​ယုံကြည်​သော​သူ​အပေါင်း​တို့​၏​အဖ​ဖြစ်​စေရန်​နှင့် ထို​သူ​တို့​သည်​လည်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ကြ​စေရန်​အတွက်​ဖြစ်​၏။


သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို​လှီး​ကြ​လော့​။ ခေါင်း​မ​မာ​ကြ​တော့​နှင့်​။


သင်​သည် အသက်ရှင်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​စိတ်နှလုံး​၊ သင့်​သားမြေး​တို့​၏​စိတ်နှလုံး​အရေဖျား​ကို လှီး​တော်မူ​မည်​။


ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။


ထို့ကြောင့် ယောရှု​သည် မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​ပြီး ဂိဘာ​ဟာရာလုတ်​အရပ်​၌ အစ္စရေး​အမျိုးသား​တို့​ကို အရေဖျားလှီး​ပေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ