ယောရှု 4:24 - မြန်မာ့စံမီသမ္မာကျမ်24 ထာဝရဘုရားသည် တန်ခိုးကြီးသောဘုရားဖြစ်သည်ကို မြေကြီးသားအားလုံးသိစေရန်နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့အစဉ်ကြောက်ရွံ့ရိုသေကြစေရန်ဖြစ်၏”ဟု ပြောကြား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version24 ဤအံ့ဖွယ်သောနိမိတ်လက္ခဏာကြောင့်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့သည် ထာဝရဘုရား ၏တန်ခိုးတော်ကြီးမားပုံကိုသိမြင်ကြ လိမ့်မည်။ သင်တို့သည်လည်းသင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲ ကြောက်ရွံ့ရိုသေကြလိမ့်မည်'' ဟုဆိုလေ ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version24 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည်နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတစ်ဖက်သို့မရောက်မီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ၏။ အခန်းကိုကြည့်ပါ။ |
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည့်တိုင်အောင်၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည့်တိုင်အောင် ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။