Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​မှ​တက်လာ​၍ ကုန်းမြေ​ပေါ်တွင် ခြေချ​လိုက်​သည်​နှင့် ဂျော်ဒန်​မြစ်​ရေ​သည် ပြန်​စီးလာ​၍ ယခင်က​ကဲ့သို့ ကမ်း​တစ်လျှောက်လုံး ရေ​လျှံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မြစ်​ကမ်း​ပေါ်​သို့ ရောက်​သည်​နှင့်​တစ်​ပြိုင်​နက် မြစ်​ရေ​သည်​တစ် ဖန်​စီး​ဆင်း​သ​ဖြင့်​ကမ်း​တစ်​လျှောက်​လုံး ရေ​ပြည့်​လျှံ​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:18
8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဂျော်ဒန်​မြစ်​ကမ်းပါး​တစ်လျှောက် ရေလျှံ​နေ​ချိန်​ဖြစ်​သော ပထမ​လ​တွင် မြစ်​ကို​ကူး​ပြီး ချိုင့်ဝှမ်းလွင်ပြင်​၌​နေထိုင်​သူ​အားလုံး​ကို အရှေ့​အနောက် တကွဲတပြားစီ​ဖြစ်​အောင် နှင်ထုတ်​ပစ်​၏​။


ယုဒ​ပြည်​ထဲသို့​ဖြတ်သန်း​စီးဝင်​၍ လည်ပင်း​တိုင်အောင် လွှမ်းမိုး​သွား​မည်​။ မိမိ​၏​တောင်ပံ​များ​ကို​ဖြန့်​၍ သင့်​ပြည်​တစ်ပြည်လုံး​သို့ ရောက်​လိမ့်မည်​၊ အို ဧမာနွေလ​”​ဟု မိန့်​တော်မူ​၏​။


မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်ရေ​၌ ခြေချ​လိုက်​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်သွား​၍ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ဂျော်ဒန်​မြစ်ရေ​သည် ရိတ်သိမ်း​ရာ​ကာလ​၌ မြစ်ကမ်း​တစ်လျှောက်​ရေ​လျှံ​လေ့​ရှိ​၏​။ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​သို့​ရောက်​၍ ရေ​စပ်​၌ ခြေချ​သည်​နှင့်


လူ​အပေါင်း​တို့​ကူး​ပြီး​သောအခါ ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​မျက်စိ​ရှေ့​တွင် ကူးလာ​ကြ​၏​။


ထို့ကြောင့် ယောရှု​က ယဇ်ပုရောဟိတ်​တို့​အား “​ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​လော့​”​ဟု ဆင့်ဆို​လေ​၏​။


လူ​တို့​သည် ပထမ​လ​၊ ဆယ်​ရက်​မြောက်​နေ့​တွင် ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​ပြီးနောက် ဂျေရိခေါ​မြို့​အရှေ့ဘက်​နယ်စပ်​ရှိ ဂိလဂါလ​အရပ်​တွင် စခန်းချ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ