Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 မောရှေ​မှာကြား​ခဲ့​သည့်​အတိုင်း ရုဗင်​အမျိုးသား​၊ ဂဒ်​အမျိုးသား​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​သည် စစ်အခင်းအကျင်း​နှင့်တကွ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ကူးသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​သည် မော​ရှေ​မှာ​ခဲ့​သည်​အ​တိုင်း လက်​နက်​ကို​စွဲ​ကိုင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:12
9 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။


ဂဒ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ


သို့သော် အကျွန်ုပ်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​နေထိုင်​မည့်​အရပ်​သို့ ရောက်​သည်​အထိ လက်နက်ကိုင်စွဲ​လျက် သူ​တို့​၏​ရှေ့​မှ​သွား​ပါ​မည်​။ အကျွန်ုပ်​တို့​၏​ကလေး​များ​ကို​ကား ဤ​ပြည်သား​တို့​ရန်​မှ​ကင်းလွတ်​ဖို့ ခံတပ်​မြို့​များ​၌ နေထိုင်​စေ​ရ​မည်​။


ထို​အချိန်​၌ ငါ​သည် သင်​တို့​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား အပိုင်​ပေး​တော်မူ​ပြီ​။ သို့သော် ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​ညီအစ်ကို​အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။


သူ​သည် မိမိ​အဖို့​အကောင်းဆုံး​ကို​ရွေးချယ်​၏​။ ခေါင်းဆောင်​ဝေစု​ကို​ရယူ​ထား​၏​။ လူမျိုး​၏​အကြီးအမှူး​ထံသို့​လာ​၍ အစ္စရေး​လူမျိုး​တို့​နှင့်အတူ ထာဝရဘုရား​၏​ဖြောင့်မတ်​ခြင်း​တရား​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ဆောင်ရွက်​၏​။


သင်​တို့​၏​မယား​နှင့် ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် ဂျော်ဒန်​မြစ်​တစ်ဖက် မောရှေ​ပေး​ခဲ့​သော​ပြည်​တွင် နေရစ်​ရ​မည်​။ ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​မူကား လက်နက်စွဲကိုင်​လျက် သင်​တို့​၏​အမျိုးသားချင်း​တို့​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။


လူ​အပေါင်း​တို့​ကူး​ပြီး​သောအခါ ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​မျက်စိ​ရှေ့​တွင် ကူးလာ​ကြ​၏​။


လူ​ပေါင်း​လေးသောင်း​ခန့် စစ်တိုက်​ရန် စစ်​လက်နက်စွဲကိုင်​လျက် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဂျေရိခေါ​လွင်ပြင်​သို့ ကူးသွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ