Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 3:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 တစ်ဖန် ယောရှု​က ယဇ်ပုရောဟိတ်​တို့​အား “​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​၍ လူ​တို့​ရှေ့​မှ​ကူးသွား​ကြ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​၍ လူ​တို့​ရှေ့​မှ​ကူးသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​နောက်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​၍ လူ​ထု ရှေ့​က​ချီ​တက်​ရန်​စေ​ခိုင်း​သည့်​အ​တိုင်း​သူ တို့​သည်​ချီ​တက်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ လူ​များ​ရှေ့​သို့ ကူး​သွား​ကြ​လော့​ဟု ယော​ရှု​ဆို​သည်​အ​တိုင်း သူ​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း၍ လူ​များ​ရှေ့​သို့​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 3:6
11 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​သက်ကြီးဝါကြီး​အားလုံး ရောက်လာ​သောအခါ ယဇ်ပုရောဟိတ်​တို့​သည် သေတ္တာ​တော်​ကို ပင့်ဆောင်​ကြ​၏​။


အစ္စရေး​သက်ကြီးဝါကြီး​အားလုံး ရောက်လာ​သောအခါ လေဝိ​အမျိုး​တို့​သည် သေတ္တာ​တော်​ကို ပင့်ဆောင်​ကြ​၏​။


ထိုးဖောက်​သွား​မည့်​သူ​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ သူ​တို့​လည်း မြို့​တံခါး​ကို​ဖြိုဖျက်​ပြီး ထို​တံခါး​မှ ဖြတ်သွား​ကြ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို​ဦးဆောင်​တော်မူ​မည်​။”


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​တောင်​တော်​မှ သုံး​ရက်​ခရီးပြု​ကြ​၏​။ ထို​သုံး​ရက်​ခရီး​တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နားနေ​ရာ​အရပ်​ကို​ရှာ​ရန် သူ​တို့​၏​ရှေ့​မှ​သွား​လေ​၏​။


ကိုယ်တော်​သည် ဤ​လူမျိုး​ကို တစ်ပြိုင်တည်း ကွပ်မျက်​တော်မူ​လျှင် ကိုယ်တော်​၏​သတင်း​ကို​ကြား​ထား​သော​လူမျိုး​တို့​က


ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။


လူ​အပေါင်း​တို့​အား “​သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့် သေတ္တာ​တော်​ကို​သယ်ဆောင်​သော​လေဝိ​အမျိုးသား​ယဇ်ပုရောဟိတ်​တို့​ကို မြင်​သောအခါ ကိုယ့်​နေရာ​မှ​ထွက်​၍ သေတ္တာ​တော်​နောက်သို့​လိုက်​ကြ​ရ​မည်​။


ထို့နောက် ယောရှု​က လူ​အပေါင်း​တို့​အား “​သင်​တို့​သည် မိမိကိုယ်မိမိ​သန့်ရှင်း​စေ​ကြ​လော့​။ ထာဝရဘုရား​သည် မနက်ဖြန် သင်​တို့​အလယ်​၌ အံ့ဖွယ်​အမှု​ကို​ပြု​တော်မူ​မည်​”​ဟု မှာကြား​လေ​၏​။


ထာဝရဘုရား​က ယောရှု​အား “​ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​သည်​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​သိမြင်​ကြ​မည့်​အကြောင်း ယနေ့​မှ​စ​၍ သင့်​ကို သူ​တို့​ရှေ့​၌ ချီးမြှောက်​မည်​။


နုန်​၏​သား​ယောရှု​သည် ယဇ်ပုရောဟိတ်​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်းသွား​ရ​မည်​။ သင်​တို့​တွင် ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​၍ ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​မှ သွား​ရ​မည်​”​ဟု မှာကြား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ