Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 3:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 လူ​အားလုံး​ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​ပြီး​သည်​အထိ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၊ ခြောက်သွေ့​သော​မြေ​ပေါ်၌ မြဲမြံ​စွာ​ရပ်​နေ​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ခြောက်သွေ့​သော​မြေ​ပေါ်၌ ကူးသွား​ရ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 3:17
14 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဧလိယ​သည် မိမိ​အဝတ်​ကို​ယူ​၍ လိပ်​ပြီးမှ ဂျော်ဒန်​မြစ်ရေ​ကို ရိုက်​လေ​၏​။ ထိုအခါ ရေ​သည် ထက်ခြမ်းကွဲ​သွား​၍ သူ​တို့​နှစ်​ဦး ခြောက်သွေ့​သော​မြေ​ပေါ်တွင် လမ်းလျှောက်​ကူးသွား​ကြ​၏​။


ကိုယ်တော်​သည် ပင်လယ်​ကို ကုန်းမြေ​အဖြစ်​သို့​ပြောင်းလဲ​စေ​တော်မူ​၏​။ လူ​တို့​သည် မြစ်​ကို​ခြေကျင်​ဖြတ်ကူး​ကြ​၏​။ ထို​အရပ်​တွင် ငါ​တို့​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ကြ​၏​။


မောရှေ​သည် မိမိ​၏​လက်​ကို ပင်လယ်​အပေါ်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် အားကြီး​သော​အရှေ့​လေ​ဖြင့် ပင်လယ်​ကို တစ်ညလုံး တိုက်ထုတ်​တော်မူ​၏​။ ထိုအခါ ပင်လယ်​သည် ခြောက်သွေ့​သော​မြေ​ဖြစ်သွား​၍ ရေ​သည်​ကွဲပြတ်​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည်​လည်း ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင်​သွား​ရ​၏​။ ရေ​သည် သူ​တို့​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​၌ တံတိုင်း​သဖွယ်​ဖြစ်​လျက်​နေ​၏​။


အစ္စရေး​အမျိုးသား​တို့​မူကား ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် လျှောက်သွား​ရ​၏​။ ရေ​သည် သူ​တို့​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​၌ တံတိုင်း​သဖွယ်​ဖြစ်​လျက်​နေ​၏​။


သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ခါနာန်​ပြည်​ထဲသို့​ဝင်​သောအခါ


အစ္စရေး​အမျိုးသား​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ပင်လယ်​နီ​ကို ခြောက်သွေ့​သော​မြေ​ကဲ့သို့​ဖြတ်​သွား​ကြ​၏။ ထိုနည်းတူ​ပြု​ရန် ကြံစည်​အားထုတ်​သော​အီဂျစ်​အမျိုးသား​တို့​သည် နစ်မြုပ်​ကြ​ကုန်​၏။


လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ပြီး​သောအခါ ထာဝရဘုရား​က ယောရှု​အား


ယောရှု​အား မောရှေ​မိန့်မှာ​ခဲ့​သည်​နှင့်အညီ​၊ ထာဝရဘုရား​က ယောရှု​အား လူ​တို့​ကို​ဆင့်ဆို​စေ​သည့်​အတိုင်း လုပ်ဆောင်​ပြီး​သည်​အထိ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၌ ရပ်​နေ​ကြ​၏​။ လူ​တို့​သည်​လည်း အလျင်အမြန်​ကူးသွား​ကြ​၏​။


လူ​အပေါင်း​တို့​ကူး​ပြီး​သောအခါ ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​မျက်စိ​ရှေ့​တွင် ကူးလာ​ကြ​၏​။


သင်​တို့​က​လည်း ‘​အစ္စရေး​လူမျိုး​တို့​သည် ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​စဉ်က ခြောက်သွေ့​သော​မြစ်​ကြမ်းပြင်​ပေါ်တွင် ဖြတ်ကူး​ခဲ့​ရ​သည်​’​ဟု သင်​တို့​၏​သားသမီး​များ​အား ပြောပြ​ရ​မည်​။


သူ​တို့​အား ‘​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ ဂျော်ဒန်​မြစ်​အလယ်​မှ ကျောက်တုံး​တစ်ဆယ့်နှစ်​တုံး​ကို ယူ​၍ ထို​ကျောက်တုံး​တို့​ကို သယ်လာ​ပြီး ယနေ့ည သင်​တို့​စခန်းချ​မည့်​နေရာ​၌ ထား​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။


ဂျော်ဒန်​မြစ်​ကို​အစ္စရေး​အမျိုးသား​တို့ ကူး​ပြီး​သည်​အထိ ထာဝရဘုရား​သည် သူ​တို့​မျက်စိ​ရှေ့​တွင် မြစ်​ရေ​ကို​ခန်းခြောက်​စေ​ခဲ့​ကြောင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​ဘုရင်​များ​၊ ပင်လယ်​နား​ရှိ ခါနာန်​ဘုရင်​များ ကြား​ကြ​သောအခါ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် စိတ်ပျက်အားလျော့​၍ အလွန်​ကြောက်ရွံ့​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ